မှန်လိုက်တာ

အလုပ်မှာ
Customerတိုင်းကို စိတ်ရှည် ခဲ့ပေမယ့်

အိမ်မှာတော့
ကျွန်တော်ဟာ စိတ်ရှည်ဖို့ ဝန်လေးခဲ့ဖူးတယ်

လုပ်ငန်းခွင်မှာ
အလိုက် သိ တတ်သလောက်

အိမ်မှာ
ကျွန်တော်ဟာ ဘာသိဘာသာပဲ နေတတ်ခဲ့တယ်

အပြင်မှာ
သက်ကြီးရွယ်အို တွေကို ကူညီသလောက်

အိမ်မှာ
ကျွန်တော် ဟာ အပြင်မှာပင်ပန်းလို့ဆိုပြီး ခေါင်းရှောင်ခဲ့ဖူးတယ်

သူများတွေနဲ့ဆို
အောက်ကျို့ပြီးဆက်ဆံသလောက်

မိသားစုနဲ့ဆို
တစ်ခွန်းတလေတောင် ပြန်ခံပြောချင်တယ်

အလုပ်မှာ
Customer တွေကို သဘောကောင်းသလောက်

အိမ်မှာ
ကျွန်တော် ဟာ စိတ်ပုတ်ခဲ့ဖူးတယ်

လမ်းပေါ်မှာ
တောင်းခံနေကြသူတွေကို စွန့်ကြဲတတ်သလောက်

အိမ်မှာ
ကျွန်တော်ဟာ ကပ်စည်းကုတ် ဖြစ်နေခဲ့ဖူးတယ်

ကျောင်းမှာ
သူငယ်ချင်းတွေကို အနစ်နာခံသလောက်

အိမ်မှာ
ကျွန်တော် ဟာ တစ်ကိုယ်ကောင်းဆန်ခဲ့ဖူးးတယ်

တစ်ခါတလေမှာ
ကျွန်တော်တ့ို ဟာ
အဝေးဆုံး ဘဝ တွေကို ကူညီဖို့ ကြိုးစားရင်း
အနီးဆုံး ဘဝတွေကို ကူညီဖို့ မေ့နေတတ်ကြပါတယ် . . .

#savethehome
credit..... editing kwei kwei

Comments

Popular posts from this blog

Photoshop Cs5အသုံးပြုနည်း

ဗဟုသုတများ