Posts

Showing posts from February, 2019

ဗဟုသုတများ

ကျွန်တော် မရေးရဲ သော ကဗျာ fb မှာ တွေ့ရ ဖတ်ရတယ် စာရေးသူကို အလေးပြု ပါတယ်​။ ဗုဒ္ဓကိုပြန်​ခေါ်ပေးပါ   🙏🙏🙏🙏🙏 ၁။      ကပိလဝတ်ကနေ ပြန်လာခဲ့တယ်       ၁၀နှစ်လုံး ကြိုးစားရှာဖွေမှုဟာ      အတ္တာဟိ အတ္တနော နာထော မှာ ဆုံးတယ် ။       ၂။       မီးတောင်သေ……ချော်ရည်ဆူပွက်မှုဟာ       နဂါးပွက်တောင် အမည်ရတယ် ။       နွားနို့တွေ မြေထဲ သွန်းလောင်းနေတာ       ရွံ့ဗွက်ကြီးကို ရှိခိုးနေတာ        မြင်ရတာ ရှက်လိုက်တာ ။        ၃။         သံအိမ်ထဲက မြွေတွေ         ရေကန်ထဲက ငါးတွေ        ပြီးတော့ ………        ခြံခတ်ထားတဲ့ ယုန် သမင် တွေ        ကြိုးချည်ထားတဲ့ မျောက်တွေ        ဒီနေ့ခေတ် ဘုရား ကျောင်းကန်ဟာ        မွေးမြူရေး ခြံနဲ့တူနေတယ်။         ၄။         သုံးရာသီ စက်ဝန်းထဲမှာ         အလှူခံတွေ ခြေချင်းလိမ်နေတယ်။         ဗုဒ္ဓကို ကန်ထရိုက်စွဲတာ           ဒီနေ့ ခေတ်မှာရှိတယ် ။         ဗုဒ္ဓဟာ …… ထုတ်ကုန်မဟုတ်ဘူး ။         တိတ်ဆိတ်ငြိမ်သက်ခြင်းကို          ဗုဒ္ဓဟာ နှစ်သက်တယ် ။         သံစုံတီးဝိုင်းတွေ ……          အဆိုတော်တွေနဲ့ …         လပြည့် လကွယ်မှာ         ဂေါပကဟာ          ဗုဒ္ဓကို ငွေရှာခိုင်းတယ် ။